ဤစီမံကိန်းတွင် အလုပ်သမား ဈေးကွက်အကြီးမားဆုံးများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ကိုရီးယား၊ မြန်မာ၊ တူရကီ၊ သီရိလင်္ကာတို့ ပါဝင်ကြပါသည်။
အလုပ်ရှင်၏ လိုအပ်ချက်များနှင့် ကိုက်ညီနေစေရန်အတွက် ဝန်ထမ်းလောင်းတစ်ဦးချင်းစီကို သေချာစွာ ရွေးချယ်ပေးလျက်ရှိပါသည်။
လုပ်ငန်းစီိမံကိန်းအနေဖြင့် အလုပ်သမားများအတွက် ကာကွယ်ရေး၊ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာများ၊ အခွန်ဥပဒေများနှင့် သက်ဆိုင်သော ကိစ္စများကို ခြွင်းချက်မရှိ အာမခံပြီး အလုပ်ရှင်များနှင့် ဝန်ထမ်းလောင်းများ၊ သို့မဟုတ် အလုပ်သမားဝန်ထမ်းများအတွက် အန္တရာယ်ရှိစေမည့် ကိစ္စများကိုလည်း ဖယ်ရှားပေးမည်ဖြစ်ပါသည်။
အဆိုပါ ပရောဂျက်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မည်သည့်နေရာတွင်မဆို မဖြစ်မနေ လိုအပ်သော ဝန်ထမ်းလောင်း အရေအတွက်ကို ခေါ်ယူနိုင်စေပြီး ထိရောက်သော စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အဖြစ်လည်း အထောက်အပံ့ဖြစ်စေပါသည်။
အိမ်ရာဆောက်လုပ်ရေး၊ ဈေးရောင်းဈေးဝယ်လုပ်နိုင်သော အဆောက်အဦးနေရာများ၊ ကုန်ပစ္စည်းသိုလှောင်နိုင်သော နေရာများ၊ လမ်းပန်းဆိုင်ရာနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများ။
စားသောက်ကုန်ထုတ်လုပ်ခြင်း၊ အထည်အလိပ် ထုတ်လုပ်ခြင်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ထုပ်ပိုးမှုပိုင်းဆိုင်ရာ ထုတ်လုပ်ခြင်း။
အသားနှင့် နို့ထွက်ပစ္စည်းဆိုင်ရာ မွေးမြူရေး၊ တိရစ္ဆာန် အစာထုတ်လုပ်ရေး၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး၊ စပျစ်သီးပင် စိုက်ပျိုးရေး၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး။
အိမ်ရာဆောက်လုပ်ရေး၊ ဈေးရောင်းဈေးဝယ်လုပ်နိုင်သော အဆောက်အဦးနေရာများ၊ ကုန်ပစ္စည်းသိုလှောင်နိုင်သော နေရာများ၊ လမ်းပန်းဆိုင်ရာနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများ။
မြို့ပြပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်သာယာစေရန် ဖန်တီးစီစဉ်ပေးခြင်း၊ အဆောက်အဦးများ နှင့် အဆောက်အအုံများအား ပြုပြင်မွမ်းမံပေးခြင်း၊ အမှိုက်သရိုက် စွန့်ပစ်ခြင်း။
အိမ်ရာဆောက်လုပ်ရေး၊ ဈေးရောင်းဈေးဝယ်လုပ်နိုင်သော အဆောက်အဦးနေရာများ၊ ကုန်ပစ္စည်းသိုလှောင်နိုင်သော နေရာများ၊ လမ်းပန်းဆိုင်ရာနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများ။
စားသောက်ကုန်ထုတ်လုပ်ခြင်း၊ အထည်အလိပ် ထုတ်လုပ်ခြင်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ထုပ်ပိုးမှုပိုင်းဆိုင်ရာ ထုတ်လုပ်ခြင်း။
အသားနှင့် နို့ထွက်ပစ္စည်းဆိုင်ရာ မွေးမြူရေး၊ တိရစ္ဆာန် အစာထုတ်လုပ်ရေး၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး၊ စပျစ်သီးပင် စိုက်ပျိုးရေး၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး။
အိမ်ရာဆောက်လုပ်ရေး၊ ဈေးရောင်းဈေးဝယ်လုပ်နိုင်သော အဆောက်အဦးနေရာများ၊ ကုန်ပစ္စည်းသိုလှောင်နိုင်သော နေရာများ၊ လမ်းပန်းဆိုင်ရာနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းများ။
မြို့ပြပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်သာယာစေရန် ဖန်တီးစီစဉ်ပေးခြင်း၊ အဆောက်အဦးများ နှင့် အဆောက်အအုံများအား ပြုပြင်မွမ်းမံပေးခြင်း၊ အမှိုက်သရိုက် စွန့်ပစ်ခြင်း။
05.07.2024
သီရိလင်္ကာမှ ရုရှားဖက်ဒရေးရှင်းသို့ အလုပ်သမား ရွှေ့ပြောင်းမှု အခွင့်အလမ်းများ တိုးပွားလျှက်ရှိသည်။
2024 ခုနှစ် ဇူလိုင်လ 1 ရက်မှ 4 ရက်နေ့အထိ ပူးတွဲစတော့ရှယ်ယာကုမ္ပဏီ "Intrud" ကိုကိုယ်စားပြုသော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် သီရိလင်္ကာရှိ Rossotrudnichestvo ကိုယ်စားလှယ်ရုံး၏အကူအညီဖြင့် ကိုလံဘိုမြို့ရှိ အစည်းအဝေးပွဲများ ဆက်တိုက်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးပွဲများတွင် သီရိလင်္ကာအလုပ်သမားများကို ရုရှားအလုပ်သမားဈေးကွက်သို့ ဆွဲဆောင်နိုင်သည့် လုပ်ငန်းများကို တင်ပြခဲ့သည်။ ၎င်းအစည်းအဝေးပွဲများကို သီရိလင်္ကာနိုင်ငံဆိုင်ရာ ရုရှားသံရုံးနှင့် မော်လ်ဒိုက်ဆိုင်ရာ ရုရှားသံရုံး၊ သီရိလင်္ကာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနှင့် အထူးပြုဌာနများ၊ စစ်ဆေးရေး ဌာနများ၊ စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။ ထို့အပြင် Summit Lanka Ltd., Sisara (private) Ltd, Maxims Overseas Holdings (Pvt) Ltd, Chelcey Holdings, Sierra, CST Resources (Pvt) Ltd, Port City Colombo, Opportunity Sri Lanka, Jolanka (Pvt) Ltd, စသည့် ကုမ္ပဏီများနှင့်လဲ တွေ့ဆုံခဲ့ကြသည်။
Intrud ကုမ္ပဏီသည် ရုရှားနိုင်ငံသမ္မတထုတ်ဖောက်ထားသည့် လူဦးရေစုစုပေါင်း ၂.၅ သန်းခန့် အလုပ်သမားရှားပါးမှုကို လျှော့ချရန် နိုင်ငံတော် စီမံချက်များနှင့်အညီ လုပ်ဆောင်လျှက်ရှိသည်။ နောက်ဆုံးရရှိထားသော အချက်အလက်များအရ 2023 ခုနှစ်တွင် ရုရှားအလုပ်သမားဈေးကွက်တွင် ဆောက်လုပ်ရေးကျွမ်းကျင်သူ ၁.၈ သန်း၊ အထည်အလိပ်လုပ်ငန်းတွင် အလုပ်သမား ၄ သိန်း နှင့် စိုက်ပျိုးရေးကျွမ်းကျင်သူ ၃ သိန်း စသဖြင့် လိုအပ်နေပါသည်။
Intrud ကုမ္ပဏီသည် သီရိလင်္ကာအလုပ်သမားများကို ဝန်ဆောင်မှု အပြည့်နှင့် စုဆောင်းခေါ်ယူရန် ကမ်းလှမ်းထားပါသည်။ ၎င်း ဝန်ဆောင်မှုထဲတွင် အလုပ်ကျွမ်းကျင်မှု စစ်ဆေးခြင်း၊ ရုရှားဘာသာစကားလေ့ကျင့်ရေးနှင့် စာမေးပွဲဖြေဆိုခြင်း၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ အသက်အာမခံအပြင် ရုရှားနိုင်ငံရှိ အစိုးရဌာနများတွင် ဘာသာစကားဆိုင်ရာ စာမေးပွဲ ဖြေဆိုရာတွင် လည်းကောင်း၊ စာရွက်စာတမ်း လုပ်ဆောင်ရာတွင်လည်းကောင်း လိုက်လံပို့ဆောင်ခြင်းတို့ ပါဝင်သည်။
ရုရှားဘာသာစကားစာမေးပွဲအတွက် ပြင်ဆင်မှုကို Intrud ကုမ္ပဏီနှင့် ရုရှားယဉ်ကျေးမှုစင်တာတို့၏ ပညာရေးပူးတွဲစီမံကိန်း အနေဖြင့် ကိုလံဘိုမြို့ရှိ ရုရှားသံရုံးနှင့် ရုရှားအိမ်တော်(Русский Дом)တို့ ပါဝင်ကျင်းပသွားမည်ဖြစ်သည်။
2024 ခုနှစ်တွင် Intrud ကုမ္ပဏီ သည် သီရိလင်္ကာနိုင်ငံမှ အလုပ်သမား ၁ ၀၀၀ ခန့်ကို ရုရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ရွေးထုတ်ခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် ဖိတ်ခေါ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး 2025 ခုနှစ်တွင် အလုပ်သမားခေါ်ယူခွင့် ကိုတာ(quota) ထောင်ပေါင်းများစာအထိ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ ဦးစာပေးအနေဖြင့် သီရိလင်္ကာမှ အလုပ်သမားများကို အထည်အလိပ်စက်ရုံနှင့် အစားအသောက် ထုတ်လုပ်ရေးစက်ရုံအပြင် ရုရှားနိုင်ငံတောင်ပိုင်းဒေသများရှိ စိုက်ပျိုးရေးစက်မှုဇုန်များသို့ ပို့ဆောင်သွားမည်ဖြစ်သည်။
ဤပရောဂျက်သည် ကျွန်ုပ်တို့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ခိုင်ခံ့စေမည်ဖြစ်ပြီး၊ ရုရှားနိုင်ငံနှင့် သီရိလင်္ကာ နှစ်နိုင်ငံစလုံး အကျိုးစီရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလာမည်ဟု Intrud က ယုံကြည်ပါသည်။
အချုပ်အားဖြင့်ဆိုလျှင် ဤခရီးစဉ်သည် အရေးကြီးသော အဆက်အသွယ်များ ရရှိစေခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုတွက် မည်သည့် နယ်ပယ်က အဓိကျကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
အနာဂတ်တွင် အကျိုးတူစီမံကိန်းများ ပိုမိုတိုးတက်ဖို့အတွက်လည်း ခိုင်မှာသည့် အုတ်မြစ်ချနိုင်ခဲ့သည်။
ထို့ကြောင့် ဤခရီးစဉ်သည် အလွန်အကျိုးရှိသော ခရီးစဥ် တစ်ခုဖြစ်ခဲ့သည်။
05.07.2024
2024 ခုနှစ် ဇူလိုင်လ 5 ရက်နေ့ မော်စကိုမြို့တွင်၊ INTRUD ကုမ္ပဏီနှင့် Gazprom Neft - PROFESSIONALS 4.0 ဌာနခွဲများသည် လုပ်ငန်းကိစ္စများ ဆွေးနွေးရန် နံနက်စာစားပွဲကျင်းပခဲ့ကြသည်။
ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့် မရှိသည့်နိုင်ငံများမှ အလုပ်သမားများ စိတ်ဝင်စားမှု ရရှိစေရေး ကိစ္စရပ်များကိုဆွေးနွေးရန် အတွက်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားတွင် ရုရှားထိပ်တန်းကုမ္ပဏီများဖြစ်သည့် Sibur၊ Samolet Development၊ PIK၊ OZON၊ Cherkizovo နှင့် အခြားကုမ္ပဏီများ ပါဝင်ခဲ့သည်။
ဤဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ နိုင်ငံခြားအလုပ်သမားများ ခေါ်ယူခွင့် ကိုတာ(quota) ရယူခြင်း
ကိုတာ ရရှိရေးလုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး အချိန်ကုန်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက မှတ်ချက်ပြုကြသည်။ လျှောက်လွှာများ ကြည့်ရှု့စစ်ဆေးသည့်အချိန်ကို လျှော့ချရန်အတွက် အကြံဉာဏ်များအပါအဝင် လုပ်ထုံးလုပ်နည်းကို ရိုးရှင်းစေရန် ကမ်းလှမ်းချက်များနှင့် အကြံပြုချက်များ ထုတ်ဖော်ပြောကြားခဲ့ကြသည်။
၂။ ရုရှားဘာသာစကား စာမေးပွဲနှင့် ရုရှားသမိုင်းစာမေးပွဲ ဖြေဆိုခြင်း
နိုင်ငံခြားအလုပ်သမားများအတွက် အဓိကအတားအဆီးမှာ ရုရှားဘာသာစကားနှင့် ရုရှားသမိုင်း စာမေးပွဲဖြေဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားအလုပ်သမားများအတွက် စာမေးပွဲကို အကောင်းဆုံး ပြင်ဆင်နိုင်ပြီး၊ အကောင်းဆုံး ဖြေဆိုနိုင်ရန် နည်းလမ်းများ အပြင် ၎င်းတို့အတွက် အထူးဘာသာစကားသင်တန်းများ ဖန်တီးပေးနိုင်ရန်လည်း ဆွေးနွေးခဲ့ပါသည်။
၃။ အလုပ်သမားများ အလုပ်ခွင်နှင့် လိုက်လျောညီထွေမှု ရရှိစေခြင်း
အစည်းဝေးပွဲတက်ရောက်သူများသည် အလုပ်သမားများ အလုပ်ခွင်နှင့် လိုက်လျောညီထွေမှု ရရှိစေရေးတွက် အောင်မြင်စွာ အသုံးပြုခဲ့သည့်နည်းလမ်းများကို မျှဝေခဲ့ကြသည်။ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အချင်းချင်းရိုင်းပင်းကူညီခြင်းသည် လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေမှု ရရှိစေရေးတွက်အရေးပါကြောင်း ပြောကြားခဲ့သည်။ ဤအစည်းဝေးပွဲ၏ အချုပ်ကို ပြောရမည်ဆိုလျှင် ရွှေ့ပြောင်းလုပ်သားများ အတွက် ပိုမိုကောင်းမွန်သည့် အခြေနေတစ်ရပ် ဖန်တီးရန်နှင့် ဤကဲ့သို့သောအစည်းအဝေးပွဲများကို ပုံမှန်ကျင်းပနိုင်ရန် ဖြစ်သည်။ အမြဲတမ်း ပုံမှန် ကျင်းပနိုင်ရန် စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရပိုင်းဆိုင်ရာ ဌာနများအကြား နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပွဲတက်ရောက်သူများက ပြောကြားခဲ့သည်။
06.05.2024
ဇွန်လ 5 ရက်၊ SPIEF-2024 ဖိုရမ်၊ “ရုရှားနှင့် အိန္ဒိယတွင် အသေးစားနှင့် အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ဒိုင်းနမစ်များ- စဉ်ဆက်မပြတ် တိုးတက်မှုအတွက် သော့ချက်များ။” ဆွေးနွေးပွဲတွင် JSC Intrud ၏အထွေထွေညွှန်ကြားရေးမှူး Irina Baranova သည် မော်စကိုအစိုးရ၏ဖိတ်ကြားချက်အရ "ရုရှားတွင်ဝန်ထမ်းရှားပါးမှု" ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။ Irina သည် ဗိသုကာနှင့် မြို့ပြစီမံကိန်း၊ စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးအတွက် အိန္ဒိယမှ ရုရှားသို့ နိုင်ငံခြားအလုပ်သမားများ စုဆောင်းခြင်း၏ ထူးခြားမှုများအကြောင်း ပြောဆိုခဲ့သည်။ "ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် BRICS နိုင်ငံများမှ လူ့စွမ်းအားအရင်းအမြစ် အသုံးပြုခြင်း" ခေါင်းစဥ်အတွက် ရည်ရွယ်သည့် Gazprom Neft ဆွေးနွေးပွဲတစ်ခုတွင်လဲ ၀င်ခဲ့သည်။ စီးပွားရေးနှင့် အစိုးရကိုယ်စားလှယ်များ ကိုယ်စားပြုပြီး ရုရှားဖက်ဒရေးရှင်း၏ အလုပ်သမားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဒုဝန်ကြီး Dmitry Platygin က ပါဝင်ဆွေးနွေးခဲ့ပါသည်။ ကြာရှည်ပြီး ရှုပ်ထွေးသည့် quoting စစ်နစ်နှင့် မဖြစ်မနေဖြေဆိုရမည့် ရှားဘာသာစကား စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှု စသည့် ရှုပ်ထွေးသော ပြဿနာများကို တက်ကြွစွာ ဆွေးနွေးခဲ့ပါသည်။ ရုရှားတွင် အလုပ်သမား အလွန်အမင်း ရှားပါးမှုအား (ရုရှားနိုင်ငံဝင်ရောက်ရန်) ဗီဇာလိုအပ်သောနိုင်ငံများမှ
ရွှေ့ပြောင်းအလုပ်သမားများဖြင့် ဖြည့်ဆည်းပေးနိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အနီးနားမဟုတ်သည့် နိုင်ငံရပ်ခြားမှ နိုင်ငံခြားသားများကို ခေါ်ဆောင်ပြီး တရားဝင်ဖြစ်အောင် စီစဥ်ဆောင်ရွက်ပေးနိုင်သော ပုဂ္ဂလိက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို အသုံးပြုနိုင်သည်။
CEO
မိတ်ဖက်များ၊ပူးတွဲလုပ်ငန်းများ နှင့် M&A အဖွဲ့ဝင် ဒါရိုက်တာ
ဒုတိယ အထွေထွေညွှန်ကြားရေးမှူး
COO
အလုပ် အမှုဆောင် ညွှန်ကြားရေးမှုး
ဥပဒေကိစ္စရပ်များဆိုင်ရာညွှန်ကြားရေးမှူး
အီရီနာ ယာကိုဗလီဗာ အထွေထွေညွှန်ကြားရေးမှူး၏အကြံပေး
အလုပ်သမားရွှေ့ပြောင်းရေးမန်နေဂျာ
နိုင်ငံတကာစီမံကိန်း မန်နေဂျာ
ဥပဒေရေးရာဌာနမှူး